Myanmar Hymn Lyrics

177
Hymn Number
248
Views
PPTX: 122
PDF: 127
Downloads
2025-09-30 15:01
Created At

Hymn 177

ကျွန်တော်ပင်ကျူး

၁။ ကျေးဇူးရှင် ဆုလာဘ်တော်များစွာ မိုးရွာစေ၊ သတင်းကြား၏၊ 
သွေ့ခြောက်မြေများ စိမ်းလန်းစေရာ၊ ကျွန်တော်လည်း မိုးပေါက်ထိစေ၊ 
ကျွန်တော်ပင်၊ ကျွန်တော်ပင်၊ ကျွန်တော်လည်း မိုးပေါက်ထိစေ။ 

၂။ ဖဘုရား လွန်သွားမမူလင့်၊ ကျွန်တော် စိတ်ဆိုးညစ်လွန်း၍၊ 
ကိုယ်တော်ရှင် လွန်သွားသင့်သော်လည်း၊ ကျွန်တော်ကို သနားအောက်မေ့၊ 
ကျွန်တော်ပင်၊ ကျွန်တော်ပင်၊ ကျွန်တော်လည်း မိုးပေါက်ထိစေ။

၃။ ကယ်တင်ရှင် လွန်မပွားမူလင့်၊ ကျွန်တော်မှီတွယ်ပါရစေ၊ 
ကျေးဇူးတော် လွန်တောင့်တနေစဉ်၊ ခေါ်တော်မူရာ ပါပါစေ၊ 
ကျွန်တော်ပင်၊ ကျွန်တော်ပင်၊ ကျွန်တော်လည်း မိုးပေါက်ထိစေ။

၄။ ဝိညာဉ်တော် လွန်သွားမမူလင့်၊ မျက်စိကန်းကို ဖွင့်နိုင်၏၊ 
ယေရှုကုသိုလ် ဖော်ပြခြင်းဖြင့်၊ ကျွန်တော်၌ လင်းခြင်းသိစေ၊
ကျွန်တော်ပင်၊ ကျွန်တော်ပင်၊ ကျွန်တော်လည်း မိုးပေါက်ထိစေ။

၅။ ကြာမြင့်စွာ အပြစ်၌ မွေ့လျော်၊ ကိုယ်တော်ကို ကရုမထား၊ 
လောကီပျော်ရာ မွေ့လျော်နေသော၊ ပြစ်ကို လွှတ် ကယ်တော်မူပါ၊ 
ကျွန်တော်ပင်၊ ကျွန်တော်ပင်၊ ကျွန်တော်လည်း မိုးပေါက်ထိစေ။

၆။ မေတ္တာတော်သန့်စင်၊ မပြောင်းလဲ ယေရှုသွေးတော် လွန်ထိုက်လှ၊ 
ကျေးဇူးတော် တန်ခိုးအတိုင်းမဲ့၊ ကျွန်တော်၌ ထင်ရှားစေပါ၊ 
ကျွန်တော်ပင်၊ ကျွန်တော်ပင်၊ ကျွန်တော်လည်း မိုးပေါက်ထိစေ။
Hymn Number:
177
Title (Myanmar):
ကျွန်တော်ပင်ကျူး
Title (English):
Lord I hear of showers of blessing
Composer:
William B. Bradbury
Key:
N/A
Scriptures:
က၊ ၂ရး၃၈
Category:
ခရစ်တော်လက်ခံခြင်း

PPTX File

Download PPTX

Downloads: 122
PDF File

Download PDF

Downloads: 127
Acknowledgement: I do not own or have permission for any of the Myanmar hymn sound files. All content is for community reference and non-commercial use only.
Myanmar Hymn Lyrics © 2026. All rights reserved.
Acknowledgement: This website is lovingly developed for the Myanmar Christian community to make hymn lyrics easily accessible and shareable. Special thanks to all contributors, supporters, and users who inspire this project.
I do not own or have permission for any of the Myanmar hymn sound files. All content is for community reference and non-commercial use only.