Myanmar Hymn Lyrics

239
Hymn Number
279
Views
PPTX: 118
PDF: 126
Downloads
2025-10-05 22:22
Created At

Hymn 239

ကိုယ်တော်ဘက်မှာ ဘယ်သူရှိသနည်းကျူး

၁။ ကိုယ်တော်ရှင်၏ ဘက်မှာ မှုတော်ဆောင်ခြင်းငှါ၊ အသက်ကယ်တင်ဖို့ရာ၊ 
ဘယ်သူရှိသနည်း၊ ရန်သူကို ခုခံရန် ဘယ်သူရှိသနည်း။ 
စေခိုင်းရာသို့ သွားဖို့ ဘယ်သူရှိသနည်း၊ ကရုဏာတော် မေတ္တာ 
ကျေးဇူးတော်ကြောင့်သာ၊ ကိုယ်တော်ရှင်၏ ဘက်မှာ ကျွန်ုပ်တို့ ရှိသည်။

၂။ တပ်တော်ထဲ ဝင်သောခါ ဂုဏ်စည်းစိမ်ချမ်းသာ၊ ခံစားလိုသောကြောင့်သာ၊ 
စစ်သားမလုပ်ပါ၊ ကိုယ်တော်ရှင်၏တွက်တာ၊ မေတ္တာနှင့်မစ၊ 
နာမတော်ခံသူသည် ကိုယ်တော်ဘက်သားတည်း၊ ကိုယ်တော်ရှင်၏ မေတ္တာ၊ 
ကျေးဇူးတော်ကြောင့်သာ၊ ကိုယ်တော်ရှင်၏ ဘက်မှာ ကျွန်ုပ်တို့ ရှိသည်။

၃။ ရန်သူသည် ခွန်အားကြီး၊ စစ်ပြင်းထန်သော်လည်း၊ ဘုရင့်တပ်တော်မြတ်သည်၊ 
ရှုံးခြင်းမရှိပြီ၊ အလံတော်မြတ်အောက်မှာ၊ ဧကန်အောင်မြင်ရာ၊ 
မြဲမြံသစ္စာတော်သည် အောင်မြင်စေလိမ့်မည်၊ ဝမ်းမြောက်ဝမ်းသာလှစွာ၊ 
ကျေးဇူးတော်ကြောင့်သာ၊ ကိုယ်တော်ရှင်၏ ဘက်မှာ ကျွန်ုပ်တို့ ရှိသည်။

၄။ ရန်သူနိုင်ငံထဲမှာ စစ်ဗိုလ်ကြီးအောက်မှာ၊ စစ်သားဖြစ်စိမ့်သောငှာ၊ 
ရွေးကောက်ခြင်းခံရ၊ မှုတော်ဆောင်ရွက် စဉ်ခါ၊ စိတ်အားသန်စေပါ၊ 
သစ္စာနှင့် ရဲရင့်စွာ မှုတော်ဆောင်သင့်ပါ၊ ကိုယ်တော်ရှင် စောင့်မပါ၊ 
ကျေးဇူးတော်ကြောင့်သာ၊ ကိုယ်တော်ရှင်၏ ဘက်မှာ ကျွန်ုပ်တို့ ရှိသည်။

 
Hymn Number:
239
Title (Myanmar):
ကိုယ်တော်ဘက်မှာ ဘယ်သူရှိသနည်းကျူး
Title (English):
Who is on the Lord’s side?
Composer:
John Goss (1800-1880)
Key:
N/A
Scriptures:
N/A
Category:
တိုက်တွန်းနှိုးဆောင်ခြင်း

PPTX File

Download PPTX

Downloads: 118
PDF File

Download PDF

Downloads: 126
Acknowledgement: I do not own or have permission for any of the Myanmar hymn sound files. All content is for community reference and non-commercial use only.
Myanmar Hymn Lyrics © 2026. All rights reserved.
Acknowledgement: This website is lovingly developed for the Myanmar Christian community to make hymn lyrics easily accessible and shareable. Special thanks to all contributors, supporters, and users who inspire this project.
I do not own or have permission for any of the Myanmar hymn sound files. All content is for community reference and non-commercial use only.