Myanmar Hymn Lyrics

60
Hymn Number
466
Views
PPTX: 188
PDF: 192
Downloads
2025-09-27 21:47
Created At

Hymn 60

သိုးထိန်းတော် မေတ္တာရှင် ဘုရင်ကျူး

၁။ သိုးထိန်း မေတ္တာရှင် ဘုရင် အမြဲတည်ရှိကရုဏာ၊
ကိုယ်တော်နှင့် ဆက်ဆံခြင်း ရှိလျှင် လိုသော အရာမရှိပါ။

၂။ ငြိမ်သက်သော မြစ်ရေရှိရာသို့ ငါ့ကို ဆောင်သွားတော်မူ၏
စိမ်းလန်းသော စားကျက်များ၌လည်း အိပ်နေစေတော်မူပါ၏။ 

၃။ မိုက်မဲလျက် လမ်းလွဲသွားနေသော် မေတ္တာတော်နှင့် ရှာဖွေ၍ 
ပခုံးတော်ပေါ် ယုယ ထမ်းလျက် အိမ်တော်သို့ ဆောင်ယူမူ၏။

၄။ သေမင်းအရိပ် လွှမ်းမိုးချိုင့်မှာ ကိုယ်တော်ပါလျှင် မကြောက်ရ
လှံတံတော်နှင့် တောင်ဝှေးတော်သည် နှစ်သိမ့်စေတော်မူပါမည်။ 

၅။ အကျွန်ုပ် ရန်သူတို့ရှေ့တွင် စားပွဲပြင်ဆင်တော်မူသည်
ကျေးဇူးတော်ဖြင့် ကျွန်ုပ် ဖလားလျှံ၍ ကျလျက် ရှိပါ၏။

၆။ ကျေးဇူးတော်နှင့် ကရုဏာတော် ထက်ကြပ်ပါရပါလိမ့်မည်၊ 
သိုးထိန်းတော်မြတ် အိမ်တော်၌ပင် ကျွန်ုပ် အစဉ် နေထိုင်မည်။ (အာမင်)
Hymn Number:
60
Title (Myanmar):
သိုးထိန်းတော် မေတ္တာရှင် ဘုရင်ကျူး
Title (English):
The king of love my shepherd is
Composer:
John B. Bykes (1823-1876)
Key:
N/A
Scriptures:
ဟေရှာ ၄၀
Category:
ကရုဏာတော်ရှင်

PPTX File

Download PPTX

Downloads: 188
PDF File

Download PDF

Downloads: 192
Acknowledgement: I do not own or have permission for any of the Myanmar hymn sound files. All content is for community reference and non-commercial use only.
Myanmar Hymn Lyrics © 2026. All rights reserved.
Acknowledgement: This website is lovingly developed for the Myanmar Christian community to make hymn lyrics easily accessible and shareable. Special thanks to all contributors, supporters, and users who inspire this project.
I do not own or have permission for any of the Myanmar hymn sound files. All content is for community reference and non-commercial use only.